စစ်အုပ်စုထံ PDF တွေအလင်းဝင်တယ်ဆိုတဲ့ အခမ်းအနားကို စစ်အုပ်စုက မန္တလေးနန်းတွင်းထဲ ပြုလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက် ကို တိုက်ခိုက်ခံလိုက်ရပါတယ်။
ကျုံးအရှေ့ခြမ်း ၊ ၁၉ လမ်း မှာရှိတဲ့ နန်းမြို့ရိုးဝင်ပေါက် က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ဂိတ်ကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) ကပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။
Mandalay Ranger Force – PDF (ROM) ရဲ့ထုတ်ပြန်ချက်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကိုရှောင်ပြီး ပစ်ခဲ့ရတဲ့အပြင် လက်နက်အခက်အခဲကြောင့် နှစ်ချက်ခန့်ပစ်ပြီး အမြန်ပြန်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
” ပြည်သူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်လို့ အသိပေးရင်း ဒီနေ့လှုပ်ရှားမှု ကြေညာအပ်ပါသည်” လို့ ကြေညာချက်မှာပါရှိပါတယ်။
