■KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး၏ NUCCနှင့်ပတ်သက်၍ မှတ်ချက်
မေး-NUCC မှာ NLD ပါဝင်မှု ကိစ္စ အခြေအတင် ပြောနေကြတာ တွေ့ရလို့ ညီညွတ်ရေးမှာ စိတ်ပူစရာ အခြေအနေ ဖြစ်ပါသလား။ဘာသတင်းစကား ပေးလိုတာရှိပါသလဲဗျ။
ဖြေ-NUCC မှာကမတူကွဲပြားတဲ့နောက်ခံတွေကနေအသီးသီးပါဝင်လာကြတယ်ဆိုတော့အငြင်းအခုံ၊အချေအတင်ဖြစ်နေကြရတာကိုကအင်မတန်ကောင်းမွန်သင့်လျော်တဲ့အခွင့်အလမ်းတစ်ရပ်အနေနဲ့ပဲမြင်မိပါတယ်ခင်ဗျ။
အဲဒီအခွင့်အလမ်းကိုအသုံးချပြီးမိမိတို့ရဲ့ဘုံရည်မှန်းချက်နဲ့ဘုံရန်သူကိုကွဲပြားစွာရှုမြင်ကာရှေ့တလှမ်းချင်းတိုးရင်းနဲ့အရှိန်ရလာတာနဲ့အမျှတွန်းတွန်းတိုက်တိုက်နဲ့ဆက်သွားကြရင်ကိုယ်ရောက်ချင်တဲ့ခရီးကိုရောက်သွားမှာပါလို့ပဲ အကောင်းဘက်ရှုမြင်သုံးသပ်ရင်းနဲ့သတင်းစကားပါးပါရစေ။
ဆိုလိုတာကအချေအတင်တွေဘယ်လိုပဲရှိရှိကိုယ့်ရည်မှန်းချက်အပျောက်မခံဘဲရှေ့ဆက်သွားကြဖို့ပဲအရေးကြီးပါတယ်ဗျာ။
