စစ်ကောင်စီခန့် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော် ဖမ်းဆီးခံထားရကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။
ယမန်နေ့(မေ ၁၆ ရက်)နေ့လယ်ပိုင်းက တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံး၌ပင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
“ဖမ်းခံရတာတော့ သေချာတယ်။ဒါပေမယ်လို့ ဘာအမှုနဲ့ ဆွဲချိတ်ခံရမှန်းမသိသေးဘူး။အဂတိမှုလို့တော့ ကနဦးကြားရတာပဲ”ဟု ဦးစိုးစိုးဇော်နှင့်နီးစပ်သူက ရှင်းပြသည်။
ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။
ယခုဖြစ်စဥ်မတိုင်မီက မကွေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့်ဖမ်းဆီးခဲ့သည်။
