အကြမ်းဖက်စစ်ကောင်စီကပြုလုပ်သောငြိမ်းချမ်းရေးလုပ်ငန်းစဥ်အားထောက်ခံပွဲသို့ သွားရောက်ရန်လူစုဆောင်းနေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သူအများအပြားရှိခဲ့သည်ဟု နေပြည်တော်ဒေခံများထံမှ သိရသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိသော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုဒေသခံအချို့ကပြောသည်။
အာဏာသိမ်းစစ်ကောင်စီပြုလုပ်သော ငြိမ်ချမ်းရေးလုပ်ငန်းစဥ်ထောက်ခံခြင်းနှင့်ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုံ့ချပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီကဦးဆောင်၍ ယနေနံနက်မှာ နေပြည်တော်ရှိ ဥပ္ပါသန္တိ ဘုရားပွဲကွင်းတွင်ပြုလုပ်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့ကဖော်ပြထားသည်။ထိုပွဲသို့သွားရောက်ရန် ပြည်ခိုင်ဖြိုးပါတီနှင့် စစ်သားဟောင်းများ လူစုဆောင်းနေစဉ် ကားအတွင်း ဗုံးကျပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
“ကြံခိုင်ရေးပါတီနဲ့ စစ်ထွက်တွေ အများကြီးပဲ ရောက်နေတဲ့ အချိန်မှာ ပေါက်ကွဲတာ အသံအကျယ်အကြီးဘဲ ကြားလိုက်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုပေါက်ကွဲမူကြောင့်အနည်းဆုံး ကားနှစ်စီး ထိခိုက် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကာ နီးစပ်ရာကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်နေသည်ကိုမြင်တွေ့ရကြောင်ဒေသခံများကပြောသည်။
ထိုပေါက်ကွဲမူအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကားများဖြင့် လမ်းများကို ပိတ်ဆို့ပြီး ရှာဖွေနေကြောင်းလည်း ဒေသခံများကပြောသည်။
