စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီး ၁၃ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူဗိုလ်ဂျပန်က ပြောသည်။
အင်အား ၉၀ကျော်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ကို အင်မထီးကျေးရွာအနား၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကြောင်းကို မိုင်းအလုံး ၄၀ကျော်ဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု PRAက အသိပေးသည်။

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ပုလဲမြို့ပေါ်အပါအဝင် စစ်ကောင်စီအခြေစိုက်ရာနေရာများကို ယခုရက်ပိုင်းအတွင် ဒေသခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီး ၂၀ဦးထက်မနည်း သေဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။
အလားတူ စစ်ကောင်စီသည် မုံရွာအခြေစိုက်အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အားအပြည့်ပါရှိသည့် စစ်ကားအစီး ၂၀ခန့်ဖြင့် ယင်းမာပင်-ပုလဲ ဒေသများသို့ တပ်ကူဖြည့်တင်းနေသည်။
