စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှ အထက်ဘက်သို့တက်လာသော အစီးရေရှစ်စီးပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းအပါအဝင် ကားအတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution – IR က ထုတ်ပြန်သည်။
စစ်ကောင်စီယာဥ်တန်းကို ယနေ့(မေ ၁၀ ရက်) နံနက် ၅နာရီခန့်ကစ၍ ကျောင်းကုန်းနှင့် အင်းတော်ကြားတွင် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့များမှ နေရာလေးခု ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး အင်းတော်အနီးတစ်ဝိုက်တွင် ရပ်ထားရကြောင်းသိရ။စခများ အသေများနိုင်”IRက ပြောသည်။
ထို့အပြင် ပင်ဝယ်နှင့် နဘားကျေးရွာကြားတွင်လည်း စစ်ကောင်စီယာဥ်တန်းကို ထပ်မံမိုင်းဆွဲ နိုင်ခဲ့ပြီး ထိခိုက်သေဆုံးထိခိုက်မှု ရှိ၊မရှိကိုမူ မသိရသေးပေ။
