စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကုန်းတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်၍ ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူ ၂၀ကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(မေလ ၉ ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ မအူပင်အုပ်စု၊ ကုန်းတန်းလေးရွာကို ဝင်ရောက်လာပြီး ရွာအဝင်မှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့၍ ဓမ္မာရုံပျက်စီးမှုအချို့ရှိခဲ့ပြီး ကလေးငယ် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဓမ္မာရုံအနီးရှိ နေအိမ် လေးလုံးလောင်မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။
“တော်လှန်ရေးရဲဘော်တွေလာဖမ်းတာမမိဘူးလို့ကြားတယ်။ မဆိုင်တဲ့ ရွာသား ၂၀ဝန်းကျင် ဖမ်းခံရပြီး လက်နက်နှင့်ဆက်စက်ပစ္စည်းပါသွားတယ်လို့ သိရပါတယ်”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
