Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တာဝန် ထမ်းဆောင်နေဆဲ နမီးဘီးယား သမ္မတ ကင်ဆာရောဂါကြောင့် ကွယ်လွန်

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

တာဝန် ထမ်းဆောင်နေဆဲ နမီးဘီးယား သမ္မတ ကင်ဆာရောဂါကြောင့် ကွယ်လွန်
တာဝန် ထမ်းဆောင်နေဆဲ နမီးဘီးယား သမ္မတ ကင်ဆာရောဂါကြောင့် ကွယ်လွန်

နမီးဘီးယား သမ္မတ ဟာဂီ ဂီယန်ဂေါ့ဘ်ဟာ ရာထူးလက်ဆုပ်လက်ကိုင် အခြေအနေမှာပဲ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၈၂ နှစ်အရွယ် သမ္မတဟာ ဝင်းဒ်ဟို့ခ် မြို့တော်က ဆေးရုံတစ်ခုမှာ ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ ခံယူနေရင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကွယ်လွန်ခဲ့တာလို့ သမ္မတရုံးက ကြေညာခဲ့ပါတယ်။

အာဖရိက ဒေသတွင်း နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းမှာ အထင်ကရ တိုက်ခိုက်ရေးသမားဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ဂီယန်ဂေါ့ဘ်ဟာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သတင်းကို ပြီးခဲ့တဲ့ လကမှ ပြည်သူလူထုဆီ တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက ကွယ်လွန်ခဲ့ပြီး ဇနီးအပါအဝင် မိသားစုဝင်တွေက နောက်ဆုံးအချိန်မှာ အတူရှိနေခဲ့တယ်လို့ ဒုတိယ သမ္မတ နန်ဂိုလို အမ်ဘွန်ဘာက ပြောပါတယ်။ ဂီယန်ဂေါ့ဘ် ကွယ်လွန်ပြီး မကြာခင်မှာပဲ အမ်ဘွန်ဘာဟာ နိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကာလထိ သူဟာ နိုင်ငံရဲ့ ယာယီ သမ္မတ တာဝန်ကို ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

ဂီယန်ဂေါ့ဘ်ဟာ ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပထမဆုံး သက်တမ်းကို ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပေမယ့်လည်း နမီးဘီးယားရဲ့ အရေးပါတဲ့ နိုင်ငံရေး ရာထူးတွေမှာတော့ ၁၉၉၀ ပြည့်နှစ်၊ လွတ်လပ်ရေး စတင်ရရှိချိန် ကတည်းက ပြောင်းလဲ ထမ်းဆောင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတဟာ အမေရိကန်မှာ ကင်ဆာ ကုထုံး သွားရောက် ခံယူနေရာကနေ ပြန်လာခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ သမ္မတရုံးက ကြေညာခဲ့ပေမယ့် ဂီယန်ဂေါ့ဘ် စွဲကပ် ခံစားခဲ့ရတဲ့ ကင်ဆာ အမျိုးအစားကိုတော့ အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဂီယန်ဂေါ့ဘ်ဟာ ဘဝရဲ့ အချိန်အများစုကို တော်လှန်ရေးနဲ့ နိုင်ငံရေးအတွက် ပေးဆပ်ခဲ့သူ တစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။ သူဟာ ၂၇ နှစ်ကြာ ပြည်ပြေးဘဝနဲ့ ဘော့ဆွာနာ၊ အမေရိကန်၊ ဗြိတိန်တို့မှာ နေထိုင်ခဲ့ရပြီး အဲဒီအတောအတွင်း နိုင်ငံရေး မဟာဘွဲ့ ယူခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူဟာ နမီးဘီးယားကို ပြန်ရောက်လာတဲ့နောက် ဝန်ကြီးချုပ် ရာထူး အပါအဝင် အစိုးရရဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ လူထု ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး နောက်နှစ်ကစလို့ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AP