ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ရှိ စစ်ဘေးရှောင်ကလေးငယ်များတက်ရောက်ပညာသင်ကြားနေသည့် စာသင်ကျောင်းကို ယနေ့နံနက် တွင်စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသဖြင့် စာသင်ကြားနေသော ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။

“မနက်(၁၀)နာရီဝန်းကျင်ခန့်က စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ကြဲချခဲ့တာကြောင့်-(၁၁-၁၃)အသက်ရွယ်ကြား ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊ ထိခိုက်ဒဏ်ရာရ ကလေးငယ် (၁၀)ဦးကျော် ရှိခဲ့ပါတယ်။”ဟု ကရင်နီဒေသသတင်းများဖော်ပြပေးနေသော jobs for kayah က စာသင်းကျောင်းဗုံးကြဲခံရသောပုံများနှင့် ဖော်ပြထားသည်။




ဒီမောဆိုမြို့နယ်တွင် စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက လည်း “ကလေးလေးယောက်သေဆုံးတယ်။ ကျောင်းကိုမှ တည့်တည့်ပစ်သွားတာ။ ဗုံးနှစ်လုံး ကြဲသွားတာပါ” ဟု People’s Spring ကို ပြောသည်။
“ခံစားကြည့်ပါဗျာအပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာအစတွေကို ဘယ်သူကလေး ၊ငါ့ကလေး မသိတော့ဘူး။တစ်စစီကောက်နေရတယ်” ဟု Jobs For Kayah ကနောက်ဆပ်တွဲဖော်ပြထားသည်။
အလားတူကရင်နီဒေသ ရှိစစ်ဘေးရှောင်များအကြောင်းဖေည်ပြပေးနေသည် Clean Yangon ဖေစ်ဘွခ်စာမျက်နှာကလည်း “ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို ဗုံးလာကြဲနေကလေးများ ထိခိုက်မှုရှိ”ဟု ရေးသားဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုအခြေအနေကို ဒေသခံများ ၊တော်လှန်ရေးအဖွဲ့များ ၊စစ်ဘေူရှောင်အရေးဆောင်ရွက်ပေးနေသူများထံ People’s Spring ကဆက်သွယ်စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးပါမည်။
စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုများကို စုံစမ်းဖော်ပြပေးနေသော EAR -Enemy Air Route Channel ကလည်း ယနေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်နှင့် ၁၀ နာရီ ၃၉ မိနစ်တွင် ဖယ်ခုံကိုဖြတ်၍ Jet Fighter ၁ စင်းနှင့် Y-12 ဟုယူဆရသော လေယာဥ် ၂ စင်းအရှေ့ဘက်သို့ပျံသန်းသွားကြောင်းဖော်ပြထားသည်။

နိူင်ငံတစ်ဝန်း တိုက်ပွဲများတွင် အထိနာနေသောစစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကိုပါ လေကြောင်းမှ ဗုံးကြဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်းများပိုမို ပြုလုပ်လာကြောင်းတော်လှန်ရေးအဖွဲ့များကပြောကြားထားသည်။
