ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာကို ဝါရင့် နိုင်ငံရေးသမားကြီး ဝမ်နော်ကို ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။
အသက် ၇၉ နှစ်အရွယ် ဝါရင့် နိုင်ငံရေးသမားကြီးဟာ အတိုက်အခံ မဟာမိတ် အင်အားစုမှာ PTP၊ MFPတို့နဲ့ လာရောက် ပေါင်းစည်းခဲ့တဲ့ ပရာချာချတ် ပါတီရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်
ဝမ်နော်လို့ ခေါ်ဝေါ်လေ့ ရှိကြတဲ့ နိုင်ငံရေးသမားကြီးဟာ အရင် အစိုးရတွေ လက်ထက် ဝန်ကြီးဌာန တချို့ကို ဦးစီးခဲ့ဖူးသူဖြစ်ပါတယ်။







နိုင်ငံရေးအရ အရေးပါတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ တင်မြောက်ရေး ကိစ္စမှာ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ အင်အားကြီး မဟာမိတ် ပါတီတို့ကြား သဘောတူညီမှု ရရှိနိုင်ခဲ့ပါတယ်။
ထိုင်းလွှတ်တော် အစည်းအဝေးတွေကိုတော့ ၁၀ ရက်လောက် အချိန်ယူ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ဘယ်သူ တင်မြှောက်ခံရမလဲ ဆိုတဲ့ ကိစ္စကတော့ ခုထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။
