Hi, what are you looking for?
မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲတော်ကို စစ်တပ်ထိန်းချုပ်ဒေသတွေမှာ စည်ကားအောင်လုပ်ခိုင်ပြီး တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကိုတော့ ဗုံးဆက်တိုက်ကြဲခဲ့တာကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်းနေ့စဥ် ဗုံးကြဲခဲ့ပါတယ်။