Hi, what are you looking for?
စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သီးခြားစီသဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးတာ မလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟုအမည်ပြောင်းသော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။