Hi, what are you looking for?
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား တော်လှန်ရေးတပ်ဖွဲ့များက မသိမ်းပိုက်ခင် ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများ ပူးပေါင်းကျူးလွန်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ၃၈ ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ)က စစ်ဆေးနေကြောင်း သတင်းရရှိသည်။