Hi, what are you looking for?
ပြည်တွင်းမှာ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်ဖို့ ဥပဒေမူကြမ်းကို ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့အပေါ် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ခံ ကြိုဆိုနေကြောင်း သိရပါတယ်။
စစ်ကောင်စီနှင့် နီးစပ်သည့် ကော့သောင်းမြို့မှနာမည်ကြီး လုပ်ငန်းရှင် ဦးကျော်လွင် အပါဝင် လူပုဂ္ဂိုလ် ၁၈ ဦးအားအွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့် )နှင့်ငွေကြေးခဝါချမှုပုဒ်မများဖြင့် ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ကော့သောင်းမြို့ခံများကပြောသည်။ “မနေ့ကတည်းပ သတင်းအစထွက်နေတာ။ ဒီနေ့တော့ ထိုင်းသတင်းစာတွေထဲလည်းပါပြီ။ ကော့သောင်းတမြို့လုံးလည်း သိကုန်ပြီ။ သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ခရိုနီဦးကျော်လွင်တော့ ပြေးပေါက်ပိတ်ပြီထင်တယ်”...