သတင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ဩစတြေးလျရောက်မြန်မာတွေ ပြုလုပ် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။ ludunwayoo3 ရက် ago
သတင်း ရေနံမြေတိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်တပ်က အင်အားဖြည့်နေ မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ပလောက်ဒေသတိုက်ပွဲ စစ်တပ် သေဆုံးထိခိုက်မှုရှိဟု KNU သတင်းရင်းမြစ်ပြော တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ရေစကြိုနယ်က ကျေးရွာအချို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦးထိရှိလာ မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayoo4 ရက် ago
သတင်း စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှု ပူးပေါင်းဆောင်ရွက်သူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူမယ်လို့ ဘုတ်ပြင်းပကဖ ကြေညာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ ludunwayoo4 ရက် ago
သတင်း ပေါင်းတည်မှာ စစ်တပ်လက်ချက်ကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် ၃ဦး သေဆုံး ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo4 ရက် ago
သတင်း ရဲတပ်ဖွဲ့ဝင်ဟောင်း ဂူဆီ ဦးဆောင်တဲ့TNLA တပ်ဖွဲ့ငယ်တခုစစ်တပ်နဲ့ပူးပေါင်းသွားဟုသတင်းထွက်ပေါ် တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို ludunwayoo5 ရက် ago
သတင်း ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က လူမျိုးရေးနဲ့ဘာသာရေးအသုံးချ လှုံ့ဆော်နေ ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayoo5 ရက် ago
သတင်း ရေစကြိုမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ပြည်သူ ၁၂ဦး သေဆုံး မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။ ludunwayoo5 ရက် ago
သတင်း မတ္တရာမြို့နယ်အနောက်ခြမ်း စစ်တပ်ဗုံးကြဲမှု ဒေသခံ အမျိုးသမီး၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရ မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo5 ရက် ago