Hi, what are you looking for?
ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီကချင်းပြည်နယ်အတွင်းဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ စုဖွဲ့ပြင်ဆင်နေသည်ကို ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ပါ တွေ့ရှိနေရကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ရှင်းပြပြီး စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်ရေးလိုအပ်ကြောင်း ပြောကြားသည်။
“ ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့” — သတင်းရင်းမြစ်တဦး ■တီးတိန်မြို့နယ်အတွင်း၌တိုက်ပွဲဆက်ဖြစ်နေ ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်ကသေဆုံးထိခိုက်မှုရှိခဲ့ပြီး...