ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မရဲစခန်းကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုကို နိုဝင်ဘာ၂၀ရက် ည ၉ နာရီကျော်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ‘ ၁၀၂၇ ‘ စစ်ဆင်ရေးအား ဂုဏ်ပြုသောအားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ်ဖြစ်သွားတော့ ချက်ချင်းမပစ်ဘဲ ပတ်ပြေးနေကြတာပါ။ ကျွန်တော်တို့ စခန်းထဲထိ ဝင်မတိုက်ပါ။ အပေါက်ဝ တပ်သားတွေကိုပဲ တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်”ဟု သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
ပစ်ခတ်တိုက်ခိုက်ချိန်တွင် သုံးဆယ်ရဲစခန်းအတွင်း အင်အား ၃၀ ခန့်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရဲတစ်ဦးသေဆုံးနိုင်ခြေရှိကာ အနောက်မှနေ၍ လိုက်လံပစ်ခတ်မှုများလုပ်ဆောင်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
သုံးဆယ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းပိုင်းများအား ပိတ်ဆို့ကာ ယာဥ်အသွားလာများအား စစ်ဆေး၍ လုံခြုံရေးပိုမိုတင်းကြပ်လိုက်ကြောင်း စုံစမ်းသိရသည်။

Public Service Announcement
အလားတူ နိုဝင်ဘာ ၂၂ နေ့လယ် ၁၂ နာရီခန့်တွင် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်၊ သရက်ချောင်းကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဝင်းမြင့်အားသ ရက်ချောင်းကျေးရွာလမ်းပေါ်၌ သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တို့ ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် စစ်ကောင်စီ၏တပ်ဖွဲ့များ စစ်ကြောင်းထိုးရာတွင် ကိုယ်တိုင်ကိုယ်ကျလိုက်ပါ၍ အတူပူးပေါင်းဆောင်ရွက်နေသူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်း၍ စစ်ကောင်စီထံ ပေးပို့နေသူတစ်ဦးဖြစ်ကြောင်း သာယာဝတီ ဂဋ္ဌုန်တပ်ဖွဲ့က အသိပေးသည်။
“ရွာကို အပြင်က ပြန်လာတဲ့အချိန် ဆိတ်တက်နဲ့ သရက်ချောင်းရွာကြားမှာ ပစ်ခတ်တာပါ။
အသက်က ၅၅ ဝန်းကျင်ပါ။ ပုံထဲမှာ သူက စစ်ကြောင်းအတွက် စက်လှေပါ လိုက်မောင်းပေးနေတာပါ။ အလောင်းလာစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်ကြားပါတယ်”ဟု ဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
