Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီ​ပေါမြို့တွင်တိုက်ပွဲဖြစ်၊ ​ကျောက်မဲနှင့်သီ​ပေါကြားရှိကျင်သီတံတားကျိုး

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ကျောက်မဲနှင့်သီပေါကြားရှိကျင်သီ ချောင်းကူးတံတားလည်း ကျိုးကျသွားကြောင်း ဒေသခံများကပြောသည်။

” မဟာမိတ်အဖွဲ့တွေ မြို့ထဲအထိ ရောက်နေပြီလို့ကြားတယ်။ သေနတ်သံတွေ ကြားနေရတယ်။ တရုတ်သချိုင်းမှာ ကန်တော့မယ့်သူတွေတောင် ပြန်လှည့်လာကြရပြီ” ဟုမြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်သံများကို မြို့ပေါ်နေရာအများစုမှ ကြားနေရကြောင်း မြို့ခံများကပြောသည်။

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစု၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေသည်။ စစ်ဆင်​ရေး ၁၆ ရက်တာအတွင် မြို့​ပေါင်း ၆ မြို့ကို သိမ်းပိုက်ခိန်းချုပ်ထားပြီး၊ စစ်စခန်း​ပေါင်း ၁၇၀ ခန့်ကို သိမ်းပိုက်ထားသည်။

Public Service Announcement

Public Service Announcement