Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး
KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို အလိုမရှိကြောင်း ဆန္ဒပြပွဲအတွက် မန္တလေးနဲ့စစ်ကိုင်းဆက်သွယ်ထားတဲ့ ဧရာဝတီတံတား (ရတနာပုံ)ကို စစ်ကောင်စီတပ်က တစ်နာရီနီးပါးပိတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

အဲဒီလို ဆန္ဒပြနေချိန် တံတားနှစ်ဖက်လုံးကို စစ်တပ်က လုံခြုံရေးယူပေးထားသလို တံတားဖြတ်သန်းသွားလာတာကိုတစ်နာရီခန့် ပိတ်ခဲ့ပါတယ်။

KIA ဆန့်ကျင်ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်းပြုလုပ်တာတွေ့ရပါတယ်။ ဆန္ဒပြပွဲ

ဓာတ်ပုံမှတ်တမ်းတွေကို တော့ စစ်ကောင်စီအာဘော်ဖြန့်ဝေပေးတဲ့ တယ်လီဂရမ်တွေမှာ တပြိုင်တည်းဖော်ပြနေကြပါတယ်။

Public Service Announcement

Public Service Announcement