မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ခြေကျင်ထွက်လာသောစစ်ကောင်စီတပ် စစ်ကြောင်းကို လမ်းမှစောင့်ကြို၍ အလှစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဇူလိုင် ၃၀)နေ့လယ် ၂နာရီခွဲခန့်က ချင်း တွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ် သင်္ဘောများကို လုံခြုံရေးပေးရန် ကျောက်ရစ်ရဲစ ခန်းမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“နေ့လယ် ၂ နာရီခွဲလောက်က တိုက်တာဗျ။ ဒီကောင်တွေဘက်က အနည်းဆုံးအင်အား ၅၀ လောက်ရှိမယ်။ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူး”ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယင်းတိုက်ခိုက်မှုကို Bagan Ogre Force ၊ Myingyan Black Tiger၊ Popa Production & Guerilla Force၊ Thwaythauk Revolution force၊ YANGYIAUNG PDF၊ ဒေါင်းမင်းကြီး(မြောင်)PDF နှင့် အညာမြေ အထူးကွန်မန်ဒိုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
