ပခုက္ကူခရိုင်၊ ကမ္မမြိုနယ်ရှိ သာကြီးတောင်ရေနံမြေမှ ရေနံထုတ်လုပ်ရေးဌာနမှူးနှင့်ရဲနှစ်ဦး အပါအဝင်စစ်ကောင်စီ ဝန်ထမ်း ၆ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန် ၅ ရက်ညနေ ၅နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်ရေးအင်အားစုများကပြောသည်။
ဖမ်းဆီးခံရသည့် သူများတွင် ရေနံမြေထုတ်လုပ်ရေးမှူး ဦးအောင်မိုး၊ စီမံခန့်ခွဲရေးဌာနမှ ဦးကျော်ကျော်ငြိမ်း၊ အခြားထုတ်လုပ်ရေးဝန်ထမ်းနှစ်ဦး နှင့် ရဲနှစ်ဦးပါဝင်ကြောင်း ဒေသခံအချို့ကသည်။
သာကြီးတောင်ရေနံမြေမှ ရေနံများသယ်ယူနေစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဒေသခံများထံမှသိရသည်။ ၎င်းတို့ ၆ ဦးကို မည်သည့်အဖွဲ့က ဖွဲ့စည်းထားကြောင်းကိုမူမသိရသေးကြောင်း ဒေသခံများကပြောသည်။
သာကြီးတောင်ရေနံမြေသည် ပခုက္ကူခရိုင်အတွင်း ရေနံမြေများအနက် စစ်ကောင်စီထိန်းချုပ်ထားသည့်တစ်ခုတည်းသောရေနံမြေဖြစ်သည်။ထိုကြောင့် ရေနံစိမ်းများသယ်ယူပါလျှင် စစ်ကောင်စီတပ်က လုံခြုံအပြည့်အဝဖြင့် သယ်ယူလေ့ရှိသည်။
ထိုရေနံမြေတွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်။
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းချောက်-လမ်းရွာ၊ ရေနံချောင်း၊ မင်းဘူး၊ ထောက်ရှာပင်၊ ကျောက်ခွက်၊ လက်ပံတို၊ သာကြီးတောင် စသောရေနံမြေမှဝန်ထမ်းများက CDM လုပ်ခဲ့ကြဖူးသည်။သာကြီးတောင်ရေနံမြေမှ CDM ဝန်ထမ်းများကို ၂၀၂၁ ဖေဖော်ဝါရီ ၂၁ ကစ၍ ခွင့်မဲ့ရက်အဖြစ်စက်ရုံကတာဝန်ရှိသူက သတ်မှတ်ခဲ့ကြောင်းစက်ရုံဝန်ထမ်းအချို့ကပြောသည်။
