Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်ရှိ စစ်ကောင်စီခန့်ဝန်ကြီးများအိမ်ယာ လက်နက်ကြီးများဖြင့် အပစ်ခံရ

ထိုအိမ်ယာသည်အစိုးရအဆက်ဆက် တိုင်းအဆင့်ဝန်ကြီးများနေထိုင်ရာအိမ်ယာဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီခန့်ဝန်ကြီးများနေထိုင်နေခြင်းဖြစ်သည်။အိမ်ယာကို မေ ၃၁ ရက် ည ၁၁ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(စစ်​ကောင်စီခန့် ဝန်ကြီးအိမ်ရာပြ ​မြေပုံ)
(စစ်​ကောင်စီခန့် ဝန်ကြီးအိမ်ရာပြ ​မြေပုံ)

တနင်္သာရီတိုင်းမြို့တော်၊ ထားဝယ်မြို့ရှိ စစ်ကောင်စီခန့် ဝန်ကြီးများနေထိုင်ရာ အိမ်ယာကို လောင်းလုံမြို့-ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလောင်းလုံး ပကဖ တာဝန်ခံက ပြောသည်။

“လက်နက်ကြီးနဲ့ ၉ ချက်ပစ်ခဲ့တယ်။ ထိခိုက်မှုတော့ စုံစမ်းဆဲပဲ” ဟု လောင်းလုံး ပကဖတာဝန်ခံကပြောသည်။

ထိုအိမ်ယာသည်အစိုးရအဆက်ဆက် တိုင်းအဆင့်ဝန်ကြီးများနေထိုင်ရာအိမ်ယာဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီခန့်ဝန်ကြီးများနေထိုင်နေခြင်းဖြစ်သည်။အိမ်ယာကို မေ ၃၁ ရက် ည ၁၁ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ထို​ကြောင့် စစ်ကောင်စီခန့်ဝန်ကြီးများအိမ်ယာများအိမ်ရာသည် ပထမအဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုကို ထားဝယ်မြို့ပေါ်ကပင်ကြားရကြောင်း ထားဝယ်ခံတစ်ဦးကပြောသည်။ အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သည်ထားဝယ်မြို့တွင်းလုံခြုံ​ရေးပိုမိုတင်းကြပ်လာပြီး အရပ်သားပြည်သူများကို ပိုမိုအကြမ်းဖက်လာ​ကြောင်း​ဒေသခံအချို့က​ပြောသည်။