မန္တလေး တောင်ခြေအနီးက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ( ၉၁၀) ကို ဒီနေ့မနက်ပိုင်းက ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးတိုင်းအခြေပြု တဲ့ ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
ခလရ ၉၁၀ ဟာ မန္တလေးတောင်ခြေနဲ့ ကုသိုလ်တော်ဘုရား အနီးမှာ တပ်တည်ထားတာပါ။
အဲဒီတပ်ကို ဒီနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်က ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်တာလို့ သိရပါတယ်။
ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။
သွားရောက်ပစ်ခတ်တဲ့ ရုပ်သံဖိုင်ကိုလည်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဓာတ်ပုံ − လူမှုကွန်ရက်
