မိုခါမုန်တိုင်းသည်ယနေ့ မနက်မနက်တွင် စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်တစ်နာရီလေတိုက်နှုန်း ၁၁၁မိုင်-၁၁၈မိုင်မှ အမြင့်ဆုံး ၁၃၀ မိုင်းအတွင်းဖြင့် ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးဇလက ယနေ့ နံနက်ထုတ်ပြန်လိုက်သည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခ (မိုချာ)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ မြောက်-အရှေ့မြောက်ဘက်သို့ အရှိန်တစ်နာရီ ၁၀ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး စစ်တွေမြို့ အနောက်တောင်ဘက်မိုင် ၁၃၀ အကွာပင်လယ်ပြင်သို့ရောက်ရှိနေသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာမြို့အကြား စစ်တွေမြို့အနီးမှ ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင်ညတစ်နာရီလေတိုက်နှုန်း ၁၁၁မိုင်-၁၁၈မိုင်မှ အမြင့်ဆုံး ၁၃၀ မိုင်းအတွင်း တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးဇလ(IMD)က ယနေ့နံနက် ၅ နာရီတိုင်းထွာချက်များအရထုတ်ပြန်သည်။
အမေရီကန်ရေတပ်၏ မုန်တိုင်းစောင့်သတိပေးရေးစင်တာဖြစ်သော JTWC က မိုခါသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၁ မိုင်သို့ရောက်ရှိပြီးနောက် ပြန်လည်ကျဆင်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်း ဖြတ်သန်းခါနီးတွင်လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၈ မိုင်မှ ၁၄၃ မိုင်းအတွင်းရှိမည်ဟုခန့်မှန်းထားသည်။သို့သော် ကုန်းတွင်းပိုင်းဝင်ချိန်တွင် တောင်ကုန်များ၊မြေပြင်အခြေအနေများကြောင့် လျော့ကျနိုင်သည်ဟုလည်း JTWC ခန့်မှန်းထားသည်။
