မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့်ပစ်ခတ်ခံရပြီး စခန်းမီးလောင် ပျက်စီးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က ယနေ့ ထုတ်ပြန်သည်။
မွန်းချောင်းနယ်မြေရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ KNLA၊ PDF ၊PPDF-KD၊KRF၊ TPDF ၊ဘီးလင်း (ပကဖ)နှင့် ကျိုက်ထို (ပကဖ)တို့ ပူးပေါင်းကာ ယမန်နေ့(ဧပြီ ၂၇ ရက်) က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ညနေ ၄နာရီခွဲခန့်တွင် ဗုံးသီး နှစ်လုံး၊ ၄ နာရီခွဲခန့်တွင် ဗုံးသီး သုံးလုံး၊ ၅ နာရီကျော်တွင် ဗုံးသီး သုံးလုံးနှင့် ၅ နာရီ ၁၀မိနစ်ခန့်တွင် ဗုံးသီးနှစ်လုံးစုစုပေါင်း ဗုံးသီး ၁၀လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
“စခန်းမီးလောင်းတာတော့ အတည်ပြုနိုင်တယ်။သေတာ ရှိ၊မရှိ အတိအကျမပြောနိုင်သေးဘူး”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကိုစုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
