▪︎ကလေး-သိုင်းငင်းလမ်းပိုင်း ပြည်သူများပြန်အသုံးပြုနိုင်ကြောင်း CDF-CDM(စီးယင်း)ကြေညာ
ချင်းပြည်နယ်မြောက်ပိုင်းတွင်ကလေး-တီးတိန်လမ်းအတိုင်းတီးတိန်ဘက်သို့လာသောစစ်ကောင်စီတပ်အားကနေဒီတောင်အနီးတွင် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာအထိနာသဖြင့်ပြန်လှည့်သွားကြောင်းချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -CDF-CDM (စီးယင်း)မှတာဝန်ရှိသူကပြောသည်။
ထိုကြောင့်တိုက်ပွဲများရှိ၍ ခတ္တပိတ်ထားသော ကလေး-သိုင်းငင်း လမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -(CDF-CDM စီးယင်း)က ယနေ့ထုတ်ပြန်ကြေညာသည်။

“စကစဘက်မှအထိနာများတာကြောင့် တီးတိန်ဘက်ကို ဆက်မသွားနိုင်တော့ဘဲ ကနေဒီမှ သိုင်းငင်းဘက်ကို ပြန်လှည့်လာခဲ့ကြောင်းသိရတယ်”ဟု CDF-CDM (စီးယင်း)တာဝန်ရှိသူကပြောသည်။
ကလေး-တီးတိန်လမ်းအတိုင်း စစ်တပ်က ဧပြီ ၁၈ မှစ၍ တီးတိန်ဘက်သို့လာနေသဖြင့် တိုက်ပွဲများအချိန်မရွေး၊နေရာမရွေးဖြစ်ပွားနိုင်၍ ထိုနေ့ကတည်းက ကလေး-တီးတိန်လမ်းကိုပြည်သူများအသုံးမပြုရန် ယာယီပိတ်ထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် တီးတိန်သို့သွားရန်ဧပြီ ၁၈ ရက်တွင်သိုင်းငင်းမှကနေဒီတောင်သို့ တက်လာစဉ် CDF-CDM (စီးယင်း) တပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက်ကနှစ်ကြိမ်မိုင်းဆွဲတိုက်ခဲ့သည်။ထိုနောက်တိုက်ပွဲ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာ၍ သိုင်းငင်းဘက်သို့နောက်ပြန်ဆုတ်သွားသည်။
ဧပြီ ၂၂ ရက်တွင်လည်း နံနက် ၈ နာရီ ဝန်းကျင်တွင် သိုင်းငင်းမှ ကလေးမြို့ဘက်သို့ပြန်လှည့်လာသော စစ်ကောင်စီတပ်ကို CDF CDM (စီးယင်း)ရဲဘော်များကထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဧပြီ ၂၄ ရက်နံနက်တွင်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ဧပြီ ၂၄ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၂၀ မမ အမြောက်များဖြင့် ကလေးမြို့မှ တနေ့ကုန်ပစ်ကူပေးခဲ့သည်ဟုသိရသည်။
ထို့အပြင်စစ်တပ်မှာအထိနာနေသဖြင့် ဧပြီ ၂၃ရက်တွင် အင်အား ၁၀၀ ပါသည့် စစ်သားများက စစ်ကြောင်းနှစ်ကြောင်းခွဲ၍ တောလမ်းအတိုင်းလာကြိုခဲ့သည်ဟုလည်းဆိုသည်။
လက်ရှိတွင် CDF-CDM (စီးယင်း) ရဲဘော်များအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ပြီး ကလေး-သိုင်းငင်းလမ်းကိုလည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်းအသိပေးသည်။
ဧပြီ ၂၃ရက်ညနေပိုင်းတွင် စစ်ကူလာသော PDF Zoland ကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းလည်းကလေး-သိုင်းငင်းလမ်းအသုံးပြုရန်နိုင်သော်လည်း သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းပိုင်းကိုမူ ပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။
