စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကသတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီ ၁၇ရက် နံနက် ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။
တိုက်ပွဲမှာ မနက် ၇နာရီ ၄၀မှစတင်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ နံနက် ၈နာရီအထိသာ ကြာမြင့်ခဲ့ပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ရန်သူ့တပ်ထံမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA-2 (၃) လက်၊MA – 1 (၆) လက်၊ MA – 3 (၅)လက်၊ MA – 4 (၁)လက် နှင့် MA ကျည်ဘောက် (၈)ခု ၊ ၅ ဒသမ ၅၆ ကျည် (၉၃၈၀) တောင့် ၊ 60mm – ပြောင်းတို (၁)လက် ၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး ၊ လက်ပစ်ဗုံးသီး (၅၆) လုံး ၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး ၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု တို့ဖြစ်သည်ဟု ထုတ်ပြန်သည်။
ထို့အပြင် ချပ်ဝတ်တန်ဆာ (၂) ခု နှင့် ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။
