မန္တလေးမြို့တွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပြည်သူများ သွားရောက်ပူးပေါင်းရေကစားခြင်းများ မပြုလုပ်ကြရန် အမှတ်(၅)တပ်ရင်း MN PDF Myitngle မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။
ယနေ့ (ဧပြီ ၁၃ ရက်)မှစတင်ကာ စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် သွားရောက်ပူးပေါင်းခြင်း၊ ပါဝင်ရေကစားခြင်းများ မပြုလုပ်ကြရန်၊ နိုင်ငံတစ်ဝန်းသွေးမြေကျချိန် စစ်ကောင်စီက ပြုလုပ်သော ရေကစားမဏ္ဍပ်အနီးသို့ သွားရောက်ခြင်းမပြုကြရန် ထုတ်ပြန်ကြေညာသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်ခဲ့ပါက တော်လှန်ရေးရဲဘော် များနှင့်မသက်ဆိုင်ဘဲ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း MN PDF Myitngle မြို့ပြပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။
စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ပေါင်း ၁၃ခုထက်မနည်း တည်ဆောက်ထားပြီး အတုအယောင်ဟန်ပြသင်္ကြန် ဖြစ်မြောက်အောင် ကြိုးစားနေကြောင်း မြို့ခံအချို့က ပြောသည်။
“ဒီနှစ်ကလေးတွေဘယ်မှကို မလွှတ်ဘူး။ တအားအန္တရာယ်များတယ်။”ဟု မန္တလေးမြို့ခံ မိခင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ အတုအယောင်သင်္ကြန်အား ပါဝင်ခြင်းမပြုရန် ပြည်သူများအား PDFအဖွဲ့များက မေတ္တာရပ်ခံထားသည်။
