ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ထဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံလိုက်ရတာပါ။
စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။
ကားပေါ်ကနေလက်ပစ်ဗုံးနဲ့ပစ်ပေါက်သွားတဲ့အတွက် ယာဉ်ထိန်းရဲမေ ရဲ့ ပခုံးထိမှန်သွားတယ်လို့လည်းသိရပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ကားတွေ ကို စစ်ဆေးရာမှာ ယာဉ်ထိန်းရဲတွေ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပေးတာတွေ့ရပါတယ်။
ဓာတ်ပုံ − ရိုက်တာ
