▪︎အာဏာသိမ်းဒုခေါင်းဆောင် စိုးဝင်းလာမည်ဟုသတင်းထွက်နေ
စစ်ကိုင်းတိုင်း၊ ပုသိမ် – မုံရွာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၄ နာရီခွဲခန့်ကစ၍ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က အင်အားအများချထား၍ လမ်းဘေးဝဲယာကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒုစစ်ခေါင်းဆောင် စိုး၀င်း တရုတ်၀မ်ပေါင်ကုမ္ပဏီသို့လာရောက်၍ စစ်ကောင်စီအင်အားအများအပြား ချထားခြင်းဖြစ်သည်ဟု သိရကြောင်း National Revolutionary Guards အဖွဲ့က ပြောသည်။

“စိုး၀င်း (အာဏာသိမ်းဒုခေါင်းဆောင်)လာတယ်ပြောတာပဲ။ မနက်လေးနာရီခွဲလောက်ထဲက ကင်းတွေလာချပြီး ခဏနေတော့ ကားတန်းကြီးက ၀မ်ပေါင်ဆီဦးတည်မောင်း လာကြတာ။ မီးတန်းကြီးမှ အရှည်ကြီး။ မှောင်ရည်မပြယ်ခင်ဆိုတော့ မီးနဲ့ ကားသံကိုသာ မြင်ရကြားရတယ်။ ပြည်သူတွေလည်း ကြောက်လန့်တကြားနဲ့ ချမ်းချမ်းစီးစီးအစောကြီး ထပြေးကြရတာ။ ခုတော့ ဖောင်းကားမြောက်ရွာမှာ တပ်စွဲထားတယ်ကြားတယ်။”ဟု National Revolutionary Guards အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိပေး ချက် ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့ရှိ ပုသိမ်-မုံရွာ လမ်းတစ်လျှောက် မြန်မာ၀မ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ) မှ ရွှေတောင်ဦးကုန်းအထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန် National Revolutionary Guards အဖွဲ့က အသိပေးကြေညာထားသည်။
ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
