Hi, what are you looking for?
ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။
လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူခွင့်ရပြီး သောကကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “ပဋာစာရီ”...
ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ ဆိုက္ကားပေါ် ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ဆိုက္ကားဆရာကို အမျိုးသားတစ်ယောက်ဟာ သူ့လက်မောင်းက အင်္ကျီကို မ တင်ရင်း "ဇရှိလား"လို့ သွားမေးတယ်။ ဆိုက္ကားဆရာက "သွားစမ်းပါကွာ ဆိုက္ကားဆွဲမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ"လို့ ပြန်ပြောတယ်။ ဒါကို အဲဒီအမျိုးသားက "ဇရှိလား"လို့ ထပ်မေးတော့ ဆိုက္ကားဆရာက ဆိုက္ကားပေါ်ကဆင်းပြီး တုတ်ရှာဖို့ပြင်တယ်။...