Hi, what are you looking for?
စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင် ဖတ်ရှုကြ၊ တင်ကြသည်။ ဝတ္ထုတိုလေးက...
●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...
ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။
လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်
အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက်...
တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့...
ကျမတို့ စီးနင်းလိုက်ပါလာတဲ့ လှေကလေးအောက်က ရေပြင်ဟာ အပြာရောင်တောက်ပလို့ နေတယ်။ ရေအရိပ်က ကောင်းကင်အရိပ်နဲ့ တသားတည်း တူညီနေတာကို ငေးကြည့်ရင်း၊ ဒါဟာ ကမ္ဘာမြေမှာ အကြည်လင်ဆုံးသော အချိန်ကာလတခု ရှိနေပြီဆိုတဲ့ သင်္ကေတပဲလို့ ကျမ မှတ်ယူလိုက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ အပြာရောင်နယ်ပယ်ထဲမှာ ကျမဟာ နောက်ဖြစ်လာမယ့်...
■ ဂနိုက် လက်ထဲကိုင်ထားမိတဲ့ တရုတ်လုပ်ဖုန်း စခရင်ရဲ့ အပေါ်ညာဘက်ထောင့်က မှိန်ပျပြီး ကြက်ခြေခတ်ပြထားတဲ့ ဖုန်းလိုင်းပြတိုင်ကလေးတွေကို အကြောင်းမဲ့ ထိုင်ရေနေမိတယ်။ နားဆီမှာ တပ်ထားတဲ့ ခပ်ပေါပေါနားကြပ်စပီကာကနေ ကိုနေဝင်းရဲ့”နောက်ဆုံးအိပ်မက်”သီချင်းက တိုးရှရှ နားအတွင်းဆီတိုးဝင်နေတာကို ခံစားရတယ်။ ဒီနေ့က တနေကုန်နီးပါး မိုးအုံ့လိုက် ပြိုက်ကနဲရွာချလိုက်နဲ့ အလင်းရောင်သေချာမရရှာတော့ ဆိုလာတွေကလဲ...