●မျိုးမင်းထွဋ်သည်ဧည်စာရင်းစစ်ခြင်း၊ CDM များကိုခြိမ်းခြောက်ခြင်းတို့တွင်ပါဝင်ပြီး သက်ငယ်မုဒိန်းများကျူးလွန်ပြီး Sex Tape ဖြင့်အကြပ်ကိုင်တက်သူဟုမော်လမြိုင် PDO ထုတ်ပြန်
မော်လမြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကယမန်နေ့ညနေတွင် သေနတ်ဖြင့်ပစ်သတ်လိုက်သောWHOမြန်မာပြည်ရုံးဝန်ထမ်း မျိုးမင်းထွဋ်သည်စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့တွင်းဖရဲသီးကအတည်ပြုသည်။
“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်လို့ သိထားတယ်” ဟု ရဲအရာရှိတစ်ဦးက People’s Spring သို့ပြောသည်။
အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အသတ်ခံရသူ မျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မြန်မာပြည်ရုံး၏ ယာဥ်မောင်းတစ်ဦးဖြစ်ကြောင်းWHO မြန်မာပြည်ရုံးက ယမန်နေ့ (ဇွန် ၈)တွင်သတင်းထုတ်ပြန်သည်။ ၎င်းသည် WHO မြန်မာပြည်ရုံးတွင် ယာဥ်မောင်းအဖြစ် ငါးနှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်သည်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် ယနေ့ ဇွန်လ ၈ ရက်နေ့ ညနေ၅နာရီဝန်းကျင်အချိန် မွန်ပြည်နယ်မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင်ကျွန်ုပ်တို့ WHOမှဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်အသက်ဆုံးရှံးသွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်။ဦးမျိုးမင်းထွဋ်သည် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရပြီး ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးပါ။ကျွန်ုပ်တို့အားလုံး လုပ်ဖော်ကိုင်ဖက်၏မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရပါသည်”ဟု
WHO မြန်မာရုံးကထုတ်ပြန်ထားသည်။

မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် မျိုးမင်းထွဋ်သည် စစ်ကောင်စီတပ်က ပြည်သူများအား ဧည့်စာရင်းများစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တက်ပြီး စစ်ကောင်စီရဲမှူးများနှင့်နီးစပ်သောဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ၏ မိသားစုဝင်များအားခြိမ်းခြောက်အကြပ်ကိုင်နေသလို အရွယ်မရောက်သေးသောမိန်းမငယ်များအားခြေတော်တင်ဖျက်ဆီးနေသော သက်ငယ်မုဒိန်းကောင်ဖြစ်ပြီး Sex tape များရိုက်ကူးအကြပ်ကိုင်တက်သည်ကိုလည်းစုံစမ်းသိ့ရှိရသည်ဟုဖော်ပြထားသည်။
၎င်းသည်စစ်ကောင်စီရဲများနှင့်ရင်းနှီးပြီး လူမှုရေးရှုပ်ထွေးကာ ၊မြို့တွင်း၌ အမည်ပျက်ရှိသူဖြစ်ကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။
အခြားမော်လမြိုင်မြို့ခံတစ်ဦးကလည်း”ခေတ်စကားနဲ့ပြောရရင် မုန့်ဟင်းခါးပွဲကြီးတစ်ပွဲစားလိုက်ရတယ်ပေါ့ဗျာ။ ဒီကောင်မျိုးမင်းထွန်းကနိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်း။ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲစစ်ကောင်စီ ဘောမနေတဲ့ကောင်။ဒီကောင်သေတာမြို့အတွက်တော့သတင်း
ကောင်းပဲ” ဟု People’s Spring သို့ပြောသည်။
