“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် သန်လျင်မြို့နယ်ရှိ သပြေကန်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
အဆိုပါရဲစခန်းကို ယမန်နေ့(မေ ၂၀ ရက်)ည ၁၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများထိခိုက်နိုင်သည်ဟု ဆိုသည်။
“အတိအကျ မသိရသေးပေမယ့်။သေချာတာတစ်ခုကတော့ စခန်းတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားတာပါပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ဘန်ကာများကို ပေ ၂၀ ခန့်ပြုလုပ်ထားသည့် ယင်းစခန်းရှိ ရဲနှင့်စစ်သားများသည်ပစ်ခတ်တိုက်ခိုက်စဥ် ခေါင်းပင် မဖော်ရဲကြောင်း စစ်ဆင်ရေးပါဝင်သူတစ်ဦးက အတည်ပြုသည်။
ယခုတိုက်ခိုက်မှုမတိုင်မီ ယခုခ ၁၄ ရက်က “နန်းထိုက်အောင်စစ်ဆင် ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို မင်္ဂလာဒုံမြိုနယ်ရှိ အမှတ်(၈၂) တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းအဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက People’s Spring သို အတည်ပြုထားသည်။
ထို့အပြင် ဒဏ်ရာရရှိသူများအနက် အချိုမှာ သေဆုံးနိုင်ချေရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် မေလ၁၃ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။
“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။
ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
