▪️တစ်စီးဝမ်းဗိုက်ပေါက်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေ
ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ၏ မော်တော်ယာဥ် ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ရာ မော်တော်ယာဥ်တစ်စီး ဝမ်းဗိုက်ပေါက်ပြီး စစ်ကောင် စီတပ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းတပ်ရင်း(၃)က ထုတ်ပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ရေယာဥ်အုပ်စုကို ယနေ့(မေလ ၂၁ ရက်) နံနက် ၉နာရီခွဲခန့်က ရေမြှုပ်မိုင်းများ၊လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထိုသို့ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ မော်တော်တစ်စီး ၀မ်းဗိုက်ပေါက်သွားပြီး လက်ရှိတွင် နှင်းကြီးရွာတွင် ဆိုက်ကပ်ထားရပြီး စစ်ကောင်စီတပ်သား စနိုက်ပါနှစ်ဦးမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားသည်ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။
ထို့အပြင် ယခုလ ၈ရက်က စသာ(အထက်) ကျေးရွာ အနီး အကြမ်းဖက်စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲ၌ ပျူစောထီးနှစ်ဦး နှင့် စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ ပကဖ ရဲဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရ ကြောင်းလည်း မင်းကင်းတပ်ရင်း(၃)က အသိပေးသည်။
