▪️ဖရူဆိုတွင် စစ်ကူလာသောယာဥ်တိုက်ခိုက်ခံရပြီး KNDF သိမ်းဆည်း
စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော ယာဥ်တစ်စီးနှင့် တပ်မ(၆၆)မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၆ က ယနေ့(မေ ၂၀ရက်)က ယနေ့ ထုတ်ပြန် သည်။
ယခုလ ၇ ရက်က ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာအရောက်တွင် KNDF တပ်ရင်းနှစ်ရင်းနှင့်KA တို့ပူးပေါင်းတိုက်ခိုက်ပြီးနောက် စစ်ကူလာသော စစ်ကောင်စီတပ်ကိုထပ်မံတိုက်ခိုက်ရာမှ သိမ်းဆည်းရမိခဲ့သည့် ယာဥ်ဖြစ် သည်။
“မေလ ၇ ရက်နေ့မှာ မိမိတို့ KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီး စကစယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျန်ခဲ့သည့်စကစယာဥ်ကို မေလ ၁၈ ရက်နေ့မှာသွားရောက်ပြုပြင်ပြီးမောင်းနင်လာခဲ့ပါတယ်”ဟု KNDF B -16 က အသိပေးသည်။
ထို့အပြင် ထုတ်ပြန်ထားသော ဓာတ်ပုံမှတ်တမ်းတွင်ပါရှိသူ တစ်ဦးမှာ ကရင်နီပြည်နယ်သို့ စစ်ဆင်ရေးဝင်နေသည့် တပ်မ(၆၆)မှ တပ်သားတစ်ဦးဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆိုသည်။
“သူက ၁၆ရက်က ထွက်ပြေးလာပြီး မေ ၁၇ရက်က သေ နတ်တစ်လက်နဲ့အတူ KNDF တပ်ရင်း – ၁၆ ထံခိုလှုံလာတာ”ဟု ၎င်းက People’s Springသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။
