မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွှေလှံရွာသို့ လာရောက်မီးရှို့ဖျက်ဆီးကာ မြောင်နယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် မြောင်နယ်၊ ဇီးကျွန်းကျေးရွာမှ တဆင့် ပြန်လည်ဝင်ရောက်လာကာ ရေလယ်ကျွန်းကျေးရွာများကို မွှေနှောက်ဖျက်ဆီးခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီးပစ္စည်များ ခိုးယူ လုယက် ယူဆောင်ခြင်းများ လုပ်ဆောင်နေကြပြီး စခန်းချရာရွာများတွင် မူးရူးသောက်စားကာ ရမ်းကားသောင်းကြမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့မှစတင်ကာ ကျေးရွာများအား ဆက်တိုက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ရွှေလှံရွာ နေအိမ် (၃) လုံး၊ သာဂေါင်ရွာ နေအိမ် (၁) လုံး၊ ဖြုံဖူးရွာ -နေအိမ် (၁) လုံး၊ မိဖုရားရွာ နေအိမ် (၁၀) လုံး၊မဲကုန်းရွာ နေအိမ် (၇) လုံး၊ဘိုကုန်းရွာ (၁) လုံး၊ကျွဲကုန်ရွာ နေအိမ် (၇) လုံး၊ ဆည်သစ်မြင်ရွာ – နေအိမ် (၉) လုံး၊ ငတရော်ရွာ နေအိမ် (၇) လုံး၊မြေစွန်းရွာ (၁၇) လုံး စုစုပေါင်း ကျေးရွာ (၁၀) ရွာမှ နေအိမ် (၆၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရေလယ်ကျွန်းပြည်သူထောင်ချီ ထွက်ပြေးနေကြရကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ပြောသည်။
မေလ ၁၀ ရက်တွင်လည်း အင်အား ၁၀၀ ခန့််ရှိသောအကြမ်းဖက်စစ်တပ်သည် ရေလယ်ကျွန်းမှ နံနက် ၇ နာရီတွင် ဖြုံဖူးရွာကိုမီးရှို့ခဲ့ပြီး ၊နံနက် ၈ နာရီတွင် မိဖုရားရွာ၊ နံနက် ၁၀ နာရီတွင် မဲကုန်းရွာ၊ နံနက် ၁၁ နာရီတွင် ဘိုကုန်းရွာတို့ကို ဆက်တိုက်မီးရှို့ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ရွာလေးရွာကိုမီးရှို့ပြီးနောက်နေ့လယ် ၁၂ နာရီခွဲတွင်ကြွယ်ကုန်းရွာသို့ရောက်လာပြီး နေ့လယ် ၂ နာရီတွင်
ဘုန်းတော်ပြည့်ရွာကို ထပ်မံမီးရှို့ခဲ့ ကြောင်းသိရသည်။ခုနှစ်နာရီအတွင်း ရွာ ငါးရွာကို ဆက်တိုက်မီးရှို့ခဲ့သဖြင့် ပြည်သူများ၏ နေအိမ်မည်မျှပျက်စီးဆုံးရှုံးသည်ကိုမူအသေးစိပ်မသိ့ရသေးပေ။

ကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ဒေသခံ PDFများကလည်းမေလ ၁၀ ရက် ပြောက်ကျားစစ်ဖြင့်ခုခံတိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်အုပ်စုသည် ယနေ့ မေလ ၁၂ နံနက်ပိုင်းတွင်လည်း လှေခုတ်အုပ်စု ကျေးရွာများသို့ သွားရောက်နေကြောင်း လည်းဒေသခံအချို့ကပြောသည်။
မကွေးတိုင်းသည် စစ်ကိုင်းတိုင်းပြီးလျှင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု ဒုတိယမြောက်အခံရဆုံးတိုင်းတစ်ခုဖြစ်ပြီး အိမ်ပေါင်း ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။
