မကွေးတိုင်း ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ထီးလင်း ယောဒေသ ကာကွယ်ရေးတပ်(YDF)က ယနေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မေလ ၅ရက်)တွင် ဝါးဘိုးချောင်ရွာ၌ ညအိပ်ရပ်နားနေသော စစ်ကောင်စီ၏ တပ်မ (၁၁) မှ တပ်ကြပ်အဆင့်ရှိ ကိုရန်ရှိန်းထန်းသည် ညဘက်ကင်းတာဝန်ကျချိန်တွင် လက်နက်ထား၍ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာစောင့်ရှောက်ကာ လွတ်မြောက်ရာ နေရာတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။
