News
စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။
Hi, what are you looking for?
စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က NLD ပါတီဝန်းရံသူတွေထံသွားရောက်ခဲ့တာနဲ့ပတ်သက်ပြီးကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲဆိုထားတာပါ။
မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာပါ။
ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၅ နှစ်ချခံရတဲ့အပြင် အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။
ဒါကြောင့်သက်သေအဖြစ်လာထွက်နိုင်ဖို့ ဆင့်ခေါ်လွှာ ထပ်ပို့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဒီနေ့ရုံးချိန်းမှာ တရားရုံးကိုထပ်မံတင်ပြတယ်လို့သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အမရပူူရနဲ့ အောင်မြေသာစံမြို့နယ်တွေ က မဲရုံတွေမှာ မဲမသမာမှုလုပ်တယ်ဆိုကာ တရားစွဲတာလို့ စုံစမ်းသိရပါတယ်။
အကယ်၍ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုစေချင်ရင်တော့ ဗီဒီယိုကွန့်ဖရန့်ဆင်းကလည်း လုပ်ဆောင်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါတယ်။
တရားသူကြီးကဒေါက်တာဇော်မြင့်မောင်ကို တရားရုံးကိုခေါ်ဖို့ အခက်အခဲရှိပေမယ့် သက်သေအဖြစ် တင်သွင်းတဲ့စာရင်းကိုလက်ခံလိုက်တယ်လို့သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေချိန် ၂၀၁၉ ခုနှစ်ကစတင်ပြီး သွေးကင်ဆာရောဂါ နဲ့ ထိုင်းနိုင်ငံကိုသွားရောက်ကာ ဆေးကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။