ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကိုယမန်နေ့ (ဒီဇင်ဘာ ၇ရက်)က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်နှင့်ရဲ ငါးဦး အရှင်ဖမ်းမိပြီး လက်နက်ကြီးအပါအဝင် စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက် နေ့လယ် ၁၁နာရီခွဲခန့်တွင် TNLAနှင့်မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲ သုံးဦးကို သုံ့ပန်းအဖြစ်ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် (၆၀)နှင့်(၈၀) မမ လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၀လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်းလည်း အသိပေးထားသည်။



ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

Public Service Announcement
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့(ဒီဇင်ဘာလ ၈ ရက်)အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း ၅၃ခုကို ရှင်းလင်းသိမ်းပိုက်ရပြီးဖြစ်ကြောင်း TNLAက အသိပေးထားသည်။
