ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး တစ်လတာကာလအတွင်း ဒေသခံအရပ်သား ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရတယ်လို့ အချက်အလက်ပြုစုထားတဲ့ Shan People အဖွဲ့က စာရင်းဖော်ပြပါတယ်။
မြို့နယ် ၁၂ မြို့နယ်ကအရပ်သား ၈၈ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေးအရွယ် ၁၄ ဦးပါဝင်တယ်လို့သိရပါတယ်။
စာရင်းအရ လောက်ကိုင်မြို့မှာ ၂၀ ဦး ၊ မူဆယ် ၁၄ ဦး၊ လားရှိုး ၁၄ ဦး ၊ ကွတ်ခိုင် ၁၀ ဦး၊ သီပေါ ၁ ဦး ၊ ကျောက်မဲ ၂ ဦး ၊ကွမ်းလုံ ၂ ဦး ၊ဟိုပင် ၃ ဦး၊နမ့်ခမ်း ၅ ဦး ၊ နမ့်ဆန် ၄ ဦး ၊သိန္နီ ၈ ဦး ၊နောင်ချို မြို့မှာ ၅ ဦး သေဆုံးခဲ့ရတာပါ။
အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် လူထုရဲ့နေအိမ်ခြေတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦး ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement
ဒီစာရင်းဟာ သျှမ်းတက်ကြွလှုပ်ရှားသူလူငယ်တွေ ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ နဲ့ ကျောင်းသားတွေ စုစည်းထားတဲ့ သတင်းအချက်အလက်ဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ Shan People အဖွဲ့ ကဆိုပါတယ်။
