ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဒီနေ့ကစတင်ပြီး ဓာတ်ဆီနဲ့ ဒီဇယ် တစ်လီတာ ဈေးနှုန်းဟာ ကျပ် ၁၀၀ ကျော် ခုန်တက်လာပါတယ်။
လူသုံးများတဲ့ 92 အောက်တိန်းဟာ တစ်လီတာကို ၂၃၁၀ ကျပ်ဖြစ်လာပြီး မနေ့ကဈေးတက် ကျပ်၁၀၀ ကျော် တက်သွားတာပါ။
ဒီဈေးဟာ ရန်ကုန်မြို့တွင်းဈေးကွက် ပေါက်ဈေးဖြစ်ပြီး စစ်ကောင်စီရဲ့ ရည်ညွှန်းနဲ့မြေပြင်ပေါက်ဈေးဟာ ကျပ် ၅၀ ကျော်ကွာဟပါတယ်။
စစ်ကောင်စီ ရဲ့ ဒီနေ့ ရည်ညွှန်းဈေးမှာလည်း မနေ့ကဈေးနှုန်းထက်မြင့်နေတာတွေ့ရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ဓာတ်ဆီနဲ့ ဒီဇယ်ဈေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့တာပါ။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်သုံးဆီဈေးဟာ တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်ထိစံချိန်တင်မြင့်တက်ခဲ့သလို စက်သုံးဆီပြတ်လပ်မှုတွေကိုပါ ကြုံခဲ့ရပါတယ်။
