ရှစ်လေးလုံး နှစ်ပတ်လည်နေ့အဖြစ် စစ်ကိုင်းတိုင်း ၊မုံရွာမြို့ပေါ်မှာ မနေ့ ညနေပိုင်း ဆန္ဒပြနေချိန် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်ဖြိုခွင်းခံရပြီး လူငယ် ၃ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံကသိရပါတယ်။
မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။
” ဝိုင်းပစ်တဲ့အချိန်မှာ အားလုံးပြေးကြတာပေါ့ ၊ချက်ချင်းဆိုသလို ကောက်တင်သွားတာ”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့လူငယ် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရသွားနိုင်ခြေရှိတယ်လို့ လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က ဆိုထားပါတယ်။
လူငယ် ၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့သိရပါတယ်။
ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
