KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း စစ်ကောင်စီတပ်နဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲ ၆ ကြိမ်ခန့်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင်ထဲမှာ တိုက်ပွဲ စုစုပေါင်း ၁၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်(BGF ) လည်းပါဝင်တိုက်ခိုက်တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ၂ ဘက်အကျအဆုံးရှိတယ်လို့ KNU တပ်မဟာ ၅ ကဖော်ပြပါတယ်။ စစ်ကောင်စီဘက်က ၁၀၉ ဦးကျပြီး ၈၂ ဦးဒဏ်ရာရတယ်လို့ KNU ကဆိုပါတယ်။
KNU ဘက်ကတော့ ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။စစ်ကောင်စီရဲ့ထိခိုက်ကျဆုံးမှု ပမာဏကိုတော့သီးခြားအတည်မပြုနိုင်ပါဘူး။
