ကရင်ပြည်နယ် ဖာပွန်ဒေသမှာ လက်ရှိ ဇူလိုင်လဝက်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၅၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဒီနေ့မှာ စစ်ရေးသတင်းထုတ်ပြန်ပါတယ်။
မူတြော်ခရိုင် (ဖာပွန်)ဟာ KNU တပ်မဟာ ၅ နယ်မြေလည်းဖြစ်ပါတယ်။
အဲဒီဒေသထဲမှာ ဇူလိုင်လ ၁ ရက်ကနေ ၁၅ ရက်အထိတိုက်ပွဲ ၁၆၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး စစ်တပ်သုံး မြင်း ၁၆ ကောင်ကို လည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုထားပါတယ်။
ဇူလိုင်လထဲမှာ စစ်ကောင်စီတပ်ဟာ မူတြော်ခရိုင်ထဲက ကျေးရွာအချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ လေကြောင်းကနေ ဗုံးကြဲတာတွေရှိခဲ့တယ်လို့ KNU တပ်မဟာ ၅ က စစ်ရေးသတင်းမှာဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖာပွန်ဒေသမှာဖြစ်ပွားတဲ့စစ်ရေးအခြေအနေကိုထုတ်ပြန်တာမတွေ့ရပါဘူး။
