▪︎စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနေအိမ်များကိုမီးရှိုနေ၍ ပြည်သူတစ်သောင်းခန့်ထွက်ပြေးနေရ ပြီး ၃ ဦးဒဏ်ရာရ
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး လက်နက်၇ လက်နှင့် ခဲယမ်းအများအပြားသိမ်းနိုင်ကာ ငွေကျပ်သိန်း ၁၄၀လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကယနေ့ ထုတ်ပြန်သည်။
ဆားလင်းကြီးမြို့နယ်မှ စခန်းမှုးရဲအုပ်ဇော်ဌေးမြင့် ဦးစီးသောအင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို ဇွန်လ (၉) ရက်နေ့၊ ညနေ၅နာရီ ၅၀မိနစ်မှ ည ၇နာရီထိ PDFများကစခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိသောမုံရွာမြို့နှင့် ချင်းတွင်းမြစ်သာခြားပြီး စစ်ကောင်စီတပ်စွဲထားသောတပ်စခန်းများ အနီးရှိရဲစခန်းကို PDF ပူးပေါင်းတပ်ကစခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ခြင်းအပေါ် ဒေသခံများအပါအဝင်ပြည်သူအများစုအံအားသင့်ခဲ့ကြသည်။

စစ်ကောင်စီရဲနှင့်စစ်သား ၁၂ ဦးသေဆုံးကာ MA-13 နှစ်လက်၊ G-3 (BA-63) လေးလက်၊ Shotgun တစ်လက်၊ 7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃) လုံး နှင့် ငွေကျပ် သိန်း ၁၄၀ သိမ်းဆည်းရရှိခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁)စစ်ဒေသကွပ်ကဲမှုဖြင့်ယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ် ဦးကျဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ရဲစခန်းသိမ်းခံရပြီးနောက်စစ်ကောက်စီကမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော MI-35 တစ် စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ညောင်ပင်ကြီးရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးပြီးဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
” လေကြောင်းကနေ ပစ်တော့ စစ်ကူလာတဲ့ သူတို့လူ သူတို့ ပြန်ပစ်မိတာ ကျွန်တော်တို့ တွေ့တယ်။ အဲ့ဒီချိန် ကျွန်တော်တို့ကစခန်းထဲမှာ” ဟုတိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
ကျဆုံးခဲ့သည့် ရဲဘော်မှာ လွိုင်ကော်အခြေစိုက်BuffaloPeople Defense Forceမှမှ ဖြစ်သည်။
ဝမ်းဗိုက်ကို G3ကျည်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ဆေးကုသပေးနေစဉ် ဇွန်လ ၉ရက် ည ၁၁နာရီခန့်တွင် ကျဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိသည်။


ညောင်ပင်ကြီးရဲစခန်းအသိမ်းခံရပြီးနောက် ဇွန်လ ၉ရက် ညနှင့် ယနေ့ဇွန်လ ၁၀ရက် တနေကုန်အောင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။ စစ်ကောင်စီစစ်ကြောင့် ကျေးရွာခုနှစ်ရွာခန့်မှ ဒေသခံ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆားလင်းကြီးမြို့အခြေစိုက် အညားပစ်တိုင်းထောင်လေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်တပ်ကရဲစခန်းသိမ်းခံရသဖြင့်ဝမ်ပေါင်ကြေးနီစီမံကိန်းဘက်ရှိ စစ်ကောင်စီတပ် ကလက်နက်ကြီးပစ်ကူပေးခြင်းအပါအဝင် မုံရွာဘက်မှ စစ်သားများကိုလည်းကားများဖြင့်စစ်ကူလွှတ်ခဲ့သည်။စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခက်မှုကြောင့်အမျိုးသား၁ဦး ၊ အမျိုးသမီး၂ဦးခန့် ထိခိုက်မှုရှိကြောင်း ချင်းတွင်းမြစ်ကမ်းသပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က ရေးသားအသိပေးထားသည်။

“(ဇွန် ၉ ရက်ည) ၇နာရီ၁၀မိနစ်ခန့်တွင် လက်နက်ကြီးကျရောက်မှုကြောင့်နေအိမ်တချို့မီးလောင်ခဲ့ပါတယ်။ည၁၀ နာရီလောက်မှာ မြစ်ကမ်းဘေးရှိ နေအိမ်များကိုမီးရှို့ပါတယ်။ဇွန်၁၀ရက် မနက်၆နာရီခန့်တွင် စစ်ခွေးများမှ ညောင်ပင်ကြီးစခန်းပတ်လည်ရှိနေအိမ်များကိုစတင်မီးရှို့ပါတယ်။ထို့နောက်၉နာရီ၂၀ခန့်တွင်ညောင်ပင်ကြီးရွာရှိ အမှတ်၃ အမှတ်၄ရပ်ကွက်ကိုမီးထပ်ရှို့ပြန်တယ်။ထို့နောက်၂နာရီ၃၀ခန့်တွင်သိမ်တော်ရပ်ကွက်ကိုမီးထပ်ရှို့ပြန်တယ်”ဟု၎င်းက ရေးသားထားသည်။
ထို့အပြင် စစ်တပ်သည် ပြာ်သူပိုင်ပစ္စည်းများကိုလည်းခိုးယူနေပြီး ၊ကင်းပုံးများချထား၍ ညအိပ်တပ်စွဲနေသည်ဟုသိရသည်။
စစ်ကောင်စီတပ်အကြမ်းဖက် မှုများကြောင့်ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးခန့်တိမ်းရှောင်နေရကြောင်းကိုအောင်ခန့်ဇော်ကပြောသည်။
