စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ခဲ့ပြီး စစ်သုံးပစ္စည်းများဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
မေလ ၈ ရက် မွန်းလွဲပိုင်းက စစ်လက်နက်ခဲယမ်းများ ထုတ်လုပ်ရေးစခန်းအပူရှိန်လွန်ကဲ၍ ဝါယာရှော့ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး တွင်ခုံ၊ ဂဟေပုံးနှစ်ပုံး၊ ဖြတ်စက်အကြီး အစရှိသည့် ပစ္စည်းများအပါအဝင် ထုတ်လုပ်ရေးပစ္စည်းများ ကျပ်သိန်း ၇၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။
“နေပူရှိန် လွန်ကဲတာရော ထုတ်လုပ်ရေးပစ္စည်း ပစ္စည်း အသုံးပြုတာများတာရောကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာပါ။ တွင်ခုံနဲ့ကျောက်စက်အသုံးပြုနေချိန် ဖြစ်သွားတာပါ
“ဟု ဗိုလ်ရန်ရှင်းက ပြောသည်။
Danger Force LPDF ၏ ထုတ်လုပ်ရေးစခန်းပြန် လည်တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများဆက်လက်ပြုလုပ်နိုင်ရန် ပြည်သူများတက်နိုင်သရွေ့ ပါဝင်ကူညီပေးကြရန်လည်း Danger Force LPDF အဖွဲ့က မေတ္တာရပ်ခံသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်များကလည်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ဒေသတွင်း PDF အဖွဲ့များ၏ ထုပ်လုပ်ရေးစခန်းအချို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။
