Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အကြမ်းဖက်အဖြစ် NUG ကြေညာ

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

အာဏာသိမ်း စစ်ကောင်စီ သက်ဆိုးရှည်အောင် ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီကို အကြမ်းဖက်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ဒီနေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်ပါတယ်။

မြန်မာ့စီးပွာရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွေဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အများ စစ်တပ်အတွက်ရှာဖွေပေးနေတယ်လို့ NUG က ဆိုထားပါတယ်။

အဲဒီဘဏ္ဍာငွေဟာ စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းပြီးအောက်ခြေအဆင့် တွေအတွက် ခံစားခွင့်မရှိသလောက်နည်းပါးတာကိုအမြတ်ငွေ ခွဲဝေမှု စာရွက်စာတမ်းတွေကို ကိုးကားပြီး NUG က ပြောထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

ဒါကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်ပြီး အဲဒီအဖွဲ့တွေက ပိုင်တဲ့ ပစ္စည်းတွေကို အများပြည်သူအကျိုးစီးပွားအတွက် ထိန်းချုပ် စီမံသွားမယ်လို့လည်း NUG က ကြေညာထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

You May Also Like

သတင်း

ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထပ်မံ သတိပေးခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဥ်တွင်ပါလောင်းရွာလမ်းမကြီး​ပေါ်ဆိုင်ကယ်​ဖြင့်ဖြတ်သန်းမောင်းနှင်သွားသော ဆူးဖဲလောကျေးရွာမှပြည်သူ(၁)ဦးကို စစ်တပ်မှပစ်ခတ်သတ်ဖြတ်ခဲ့​ကြောင်းလည်းKNDF က​အသိ​ပေးသည်။

နိုင်ငံတကာ

သမ္မတ ဘူကီလီဟာ ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းမှုကြောင့် တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို မတ်လကုန် ကတည်းက ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း လူပေါင်း ၅၈၀၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။