▪︎လက်နက်အပြည့်အစုံဖြင့်ဖမ်းမိသော BGFခြောက်ဦးကိုစစ်သုံပန်းဥပဒေ၊မူးယစ်ဥပဒေဖြင့်အရေးယူမည်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ပါလောင်း ကျေးရွာ၌ စစ်ကောင်စီတပ်ကို ရိက္ခာပို့ဆောင်ပေးနေသည့် နယ်ခြားစောင့်တပ် BGF ၏ကားတစ်စီးကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ကဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ကားပေါ်မှ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားနှစ်ထောင်ဝန်းကျင်နှင့်အတူ BGF ခြောက်ဦး ၊ လက်နက်ခဲယမ်းအချို့ကိုပါဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
နိုဝင် ဘာ ၃၀ရက် ညနေ၅နာရီခန့်ကလွိုင်ကော်မှ ရှားတောဘက်သို့ မောင်းနှင်လာသည့် အဖြူရောင်ကားတစ်စီးကို ပါလောင်းကျေးရွာအနီးတွက် ကရင်နီတပ်မတော်(KA)နှင့်KNDF-ကရင်နီအမျိုးသားကာကွယ်ရေးတပ်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ပွန်ချောင်းက စကစ စခန်းကို လာတဲ့ယာဥ်။ဒါပေမယ့် ပါလောင်းကို ဖြတ်တဲ့အချိန်မိတာ “ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ်ကလူထုနွေဦးသတင်းဌာနသို့ပြောသည်။
ဖမ်းမိသည့် ယာဉ်နှင့် အတူ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လိုက်ပါလာသော BGF တပ်ဖွဲ့ဝင် ၆ဦးကို ကရင်နီပြည်ရဲဌာန KSPထံလွှဲပြောင်းပေးထားကြောင်းသိရသည်။
“စစ်သုံ့ပန်းဥပဒေ နဲ့ မူးယစ်ဆေးဝါး ဥပဒေ။ ဒါ ဥပဒေ ကြောင်းအရ သွားရမှာပဲ”ဟု ကရင်နီပြည်အစိုးရ ဒုတိယဝန်ကြီး ခူဒယ်နီယာယ်ကဒေသခံသတင်းဌာနဖြစ်သောကန္တရဝတီတိုင်းမ် သို့ ဖြေကြားထားသည်။
ယခုဖမ်းဆီးရမိခဲ့သည့် ဖြစ်စဥ်ကို ကရင်နီတပ်မတော် KAနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သီး ခြားထုတ်ပြန် ထားချက်မရှိသေးပေ။
နိုဝင်ဘာလနောက်ဆုံးပတ်တွင် လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနှင့် ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တို့တွင် စစ်ကောင်စီတပ်ဘက်မှ ဝင်ရောက် တပ်စွဲထားသဖြင့်KA ၊KNDFတို့နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့အပြင်ပါလောင်းရွာ အနီးတစ်ဝိုက် စစ်ကောင် စီတပ်များရှိနေဆဲဖြစ်ပြီး တိုက်ပွဲ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်၍ ပြည်သူများ သတိပြုနေထိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF က ထုတ်ပြန်ထားသည်။
