မင်းကင်းမြို့နယ် ကျော်ရွာအတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်နှင့်ပျူစောထီးများတပ်စွဲထားသည့်ကျော်ရွာကိုတောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာ ၂၈ ရက်နေ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်းချက်ချင်းထုတ်ပြန်ပါက စစ်ကောင်စီတပ်ကလေကြောင်းမှ လာတက်၍ ယနေ့မှထုတ်ပြန်ခြင်းဖြစ်ကြောင်း တောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် (People Defence Force Taung Dwin-Minkin TDPDF)တာဝန်ရှိသူတစ်ဦး ကပြောသည်။
“စစ်ေးတွေ ပျူတွေ ထိတာများတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးကပြောသည်။
TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါကြောင်းထုတ်ပြန််ထားသည်။
စစ်ကောင်စီတပ်သည် ကျော်ရွာအတွင်းတပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။ နိုဝင်ဘာ ၂၇ရက်ကမင်းကင်းမြို့နယ် တောင်တွင်းဒေသမှ ပျားသုံးကျေးရွာကို မီးရှို့ရန်လာစဥ် TDPDF နှင့် ရွှေတြိဂံပကဖ တို့ကပူးပေါင်း တိုက်ခိုက်ခဲ့သေးသည်။
နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲတွင် TDPDFတပ်ဖွဲ့ စမ်းသပ်ထုတ်လုပ်ထားသော လက်နက်ကြီးဖြင့်လည်း ပစ်ကူတိုက်ခိုက်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ထိခိုက်မှုရှိနိုင်သည်ဟုအဖွဲ့က အသိ့ပေးထားသည်။
